ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၌ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

ဒဂုံအရှေ့ ဇူလိုင် ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တွင်၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက (၈) နာရီအချိန်က အမှတ် (၁၂၂) ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့​​​သည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးသူနှင့် ဝန်ထမ်းများက မန်ဂျန်ရှား ပင် (၁၀၀) ပင်၊ ငှက်ပျောပင်ဖီးကြမ်း (ကျောက်စိမ်း) နှင့် သီးမွှေးငှက်ပျောပင် (၅၀)၊ စုစုပေါင်းပျိုးပင် (၁၅၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။