လှည်းကူးမြို့မစျေး၌ Covid–19 ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး ဆောင်ရွက်

လှည်းကူး ဇူလိုင် ၇

လှည်းကူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း၌ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ Covid–19 ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးအတွက် စျေးစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကြပ်မတ်ဆောင်ရွက်လျက် ရှိသည်။

စျေးအတွင်း အဓိကကျသည့် လမ်းများတွင် “မြို့မစျေးအတွင်း နှာခေါင်းစည်း (mask) တပ်ဆင်ပြီးမှ လာရောက်ပါရန်”၊ “လိုအပ်မှသာ စျေးသို့လာရောက်ပါရန်” စသည့် အသိပညာပေး ဆိုင်းဘုတ်များကို ထားရှိ၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အပြင် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် mask camping ပြုလုပ်၍ စျေးရောင်းချ သူများနှင့် စျေးဝယ်ရန် လာရောက်သူများကို နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

လှည်းကူး(ပြန်/ဆက်)