မြို့သစ်မြို့၌ ယာယီချောင်းကူးတံတား ကိုယ်ထူကိုယ်ထဆောက်လုပ်ပြီးစီး
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ၊မြို့သစ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားရာမှ ပြိုကျသွားသော သစ်သားတံတားအား ပြန်လည်အသုံးပြုသွားလာနိုင်ရေး အတွက် ဒေသခံပြည်သူများ၏ စုပေါင်းဆောင်ရွက်မှုဖြင့် ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ယာယီချောင်းကူး တံတားအား ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။