သတင်းများ

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံ
Jul 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရ သေးသည့် ပညာရေးဝန်ထမ်းများကို ယမန်နေ့က မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းများရေးဦးစီးဌာနမှ သိရသည်။
ဘားအံတက္ကသိုလ်(၁၈)နှစ်ပြည့် အထိမ်းအမှတ်သုတေသနစာတမ်း ဖတ်ပွဲ ကျင်းပ
Jul 10,2021
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၏ (၁၈)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယမန့် နေ့က ဘားအံတက္ကသိုလ်ရှိ Assembly Hall ၌ ကျင်းပသည်။
ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီနှင့် မြို့နယ်တို့ပူးပေါင်း၍ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 10,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့်မြို့နယ်တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်က ရွှေဘိုမြို့ ရန်ကြီးအောင် ပန်းခြံရှေ့တွင် ခရီးသွား ပြည်သူများ အားကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်
Jul 10,2021
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့နယ်အတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌" ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀နာရီ အချိန်ခန့်က နမ့်လောက်ကျေးရွာအုပ်စု၊ နမ့်လောက်ကျေးရွာ ဘုန်းကြီး ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားကာ ပိုးတွေ့ လူနာသစ်(၃၀၄)ဦး ထပ်မံတွေ့ရှိပြီး အတည်ပြုလူနာပေါင်း (၁၅၈၃)ဦးထိရှိလာ
Jul 10,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး Third Wave အဖြစ် ကူးစက်မှုများမြင့်မား လျက်ရှိပြီး ဇူလိုင်လ ၉ ရက် ယနေ့ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန ထုတ်ပြန်ချက် များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၃၀၄)ဦး ထပ်မံတွေ့ရှိ၍ တိုင်းဒေသကြီးအတွင်း ကူးစက်မှုမြင့်မားကာ အတည်ပြုလူနာပေါင်း(၁၅၈၃)ဦး အထိရှိလာကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက် များ အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာ
Jul 10,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ယမန်နေ့ ညနေပိုင်းက မြို့ပေါ် ရပ်ကွက်များ အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။
ပန်းတနော်မြို့နယ် ကဇင်းတောကျောင်းစုကျေးရွာအနီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်( ၉) လုံး ပြောင်းရွေ့ခဲ့ရ
Jul 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာ အုပ်စု၊ ကဇင်းတော ကျောင်းစု ကျေးရွာ အနီးတွင် ယမန်နေ့က ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ် (၉) လုံး ကမ်းလွှတ်ရာသို့ ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။