သတင်းများ

တနိုင်းမြို့နယ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၆)စုအား ပြန်လည်အခြေချနေထိုင်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာတွင် နယ်မြေလုံခြုံရေးအခြေအနေအရ နီးစပ်ရာ မြစ်ကြီးနားမြို့ ကဘူဒမ်ကျေးရွာသို့ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့ကြသော အိမ်ထောင်စု ၁၆ စုကို ယခုအခါ နယ်မြေအေးချမ်း တည်ငြိမ်လာပြီဖြစ်၍ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဩဂုတ်လ(၁၅) ရက်နေ့ မွန်းလွဲ(၁၂)နာရီက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့ သည်။
ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Aug 17,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများသည် လျှပ်စစ်ဓာတ်အား သုံးစွဲသော ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း စေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တနိုင်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း
Aug 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့နံနက်(၁၀)နာရီတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဌာနဆိုင်ရာများအဖွဲ့ခွဲ၍ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သာယာဝတီမြို့နယ်တွင် မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Aug 17,2020
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်အတွင်း မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမူကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ သစ္စာစီမံချက်ဖြင့် အသက်(၁၈)ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကပ်ပြားထုတ်ပေးနိုင်ရေး အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေး အတွက် ယမန်နေ့ နံနက်ပိုင်းက သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက် /ကျေးရွာ အုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် မန်ကျည်းကုန်းကျေးရွာ တွင် မဲခေါင်လန်ချန်းစီမံချက်ဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မန်ကျည်းကုန်းကျေးရွာတွင် မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် မဲခေါင် လန်ချန်း စီမံချက်ဖြင့် အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး စီမံကိန်းတွင် လိုအပ်သည့် စီမံကိန်း ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခြင်းနှင့် ဟင်းသီးဟင်းရွက် များ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန် နေ့က အဆိုပါကျေးရွာဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မိုးစပါးစိုက်ပျိုး
Aug 17,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ဘုရားထူးကျေးရွာ ကွင်းအမှတ် (၉၁၉)၊ ဦးပိုင်အမှတ်-၁၆၊ တောင်သူ ဦးကိုင်းလွင်၏စိုက်ကွက်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီက (SRI) စိုက်ပျိုးနည်းစနစ်ဖြင့် မနောသုခ စပါးမျိုး မိုးစပါး (၃) ဧက စိုက်ပျိုးကြရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်း၍ ရင်းရင်းနှီးနှီးအားပေးခဲ့ကြောင်း သိရသည်။