လှိုင်းဘွဲ ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ လှိုင်းဘွဲမြို့ အဝင်/အထွက်တွင် စစ်ဆေးရေး ဂိတ်များဖွင့်လှစ်၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထို့သို့အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း ဦးဆောင်၍ တပ်ရင်း/တပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ BGF တပ်ဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များက လှိုင်းဘွဲမြို့ အဝင်/အထွက်ဖြစ်သော ဒိုင်ပြကျေးရွာ၊ ရွှေဂွန်းသွား ကားလမ်း၊ ပိုင်ကျုံမြို့သွားလမ်း၊ ကော့လှိုင်းကျေးရွာနှင့် ရှမ်းရွာသစ်မြို့သွား လမ်းတို့တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားသော ညွန်ကြားချက်နှင့်အညီ ပြည်သူများ အပြင်သွားရာတွင် မဖြစ်မနေ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရန် အသိပညာပေးခြင်း၊ အတတ်နိုင်ဆုံး မိမိအိမ်တွင်နေထိုင်ပြီး ခရီးသွားခြင်းများကို ရှောင်ကြည်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ မြို့တွင်းသို့ ခရီးဝေး ဝင်ရောက်လာသူများ အနေဖြင့် ခရီးသွား စစ်ဆေးမှတ်တမ်း၊ ခရီးသွားထောက်ခံစာ၊ နေရာများ အတိအကျ သိနိုင်ဖို့အတွက် နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ဆေးရေး မှတ်ပုံတင်အမှတ် စစ်ဆေးပြီး ခရီးသွား ထောက်ခံစာ မပါသူများ အနေဖြင့် မြို့တွင်းသို့ ဝင်ရောက်ခွင့် မရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)