မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးအတည်ပြုလူနာ ၃၅ ဦးထပ်မံတွေ့ရှိ

မြဝတီ ဇူလိုင် ၁၂

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၃၅ ဦးတွေ့ ရှိပြီး သေဆုံးသူ ၆ ဦးထိ ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများအား မဲကနယ် ကိုဗစ် positive စင်တာနှင့် ကျောက်လုံးကြီး ကိုဗစ် positive စင်တာတို့ ဖွင့်လှစ်ထားရှိပြီး ကုသပေးလျက်ရှိကာ အထူးကြပ်မတ်ကုသရန် လိုအပ်သည့် လူနာ များအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းညီနောင် တိုက်နယ်ဆေးရုံတို့တွင် အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ကျား ၂၀ ဦး၊ မ ၁၅ ဦး၊ စုစုပေါင်း ၃၅ ဦး တွေ့ရှိ ကာ တစ်နေ့တည်း သေဆုံးသူ ၃ ဦးထိရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ကျား ၂၂၀ ဦး၊ မ ၂၂၁ ဦး၊ စုစုပေါင်း ၄၄၁ ဦးကို လက်ရှိ ကန့်သတ်စောင့်ကြည့် ကုသလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှု များလာသဖြင့် မြဝတီမြို့အတွင်းရှိ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင် စားသောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုပေးလျက်ရှိပြီး အခြေခံပညာကျောင်းများ ပါ နှစ်ပတ် ပိတ်ထားလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်