ဟိုင်းကြီးကျွန်းတွင် ပင်လယ်ပြင်ငါးဖမ်းရေယာဉ်လုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးသင်တန်း ဖွင့်လှစ်
Aug 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပင်လယ်ပြင် ငါးဖမ်းရေယာဉ်လုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေး နှင့် အသက်အန္တရာယ် ကင်းရှင်းရေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ ပုသိမ်ခရိုင်ငါးလုပ် ငန်းဦးစီးဌာနမှူး ဦးအေးနိုင်ဦးဆောင်သော အဖွဲ့နှင့် ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းဦးဆောင်သော ဌာနဆိုင်ရာများတက် ရောက်ခဲ့ကြပြီး သင်တန်းသားများအဖြစ် ရေလုပ်ငန်းရှင် (ကိုယ်စားလှယ်များ) ငါးဖမ်းရေယာဉ်ဦးစီး(လှေဦးစီး)များ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။