ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ယနေ့ နံနက် (၈) နာရီက မြို့လည်ရှိ သဘာဝပုန်းတလုတ်ရေကန်မြောက်ဘက် ၊ မိန်းလမ်းမကြီးပေါ်တွင် ဌာနဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းသည့်အဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ စနစ်တကျအသုံးပြု လိုက်နာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။