ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကျေးရွာမတည်ရန်ပုံငွေများ ပေးအပ်
Aug 23,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan(CERP) အရ ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း(VRFP)အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ(၄)ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန်ပြိန်းကျေးရွာအုပ်စု၊ မတ်ခံကျေးရွာနှင့် ပြိန်းရဲကျေးရွာအုပ်စု၊ မြင်စီရှန်းကျေးရွာ တို့ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျေးရွာအရောက် မတည်ရန်ပုံငွေများကို လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။