သတင်းများ

မိုင်းယောင်းမြို့နယ်ရှိ ဝမ်ဇလီလော်ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း မြေထိန်းနံရံနှင့် ဘုရားရင်ပြင်တော် ပြုပြင်နိုင်ရေး အလှူငွေများ ဆက်ကပ်လှူဒါန်း
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၌ ဇွန် ၈ ရက်က မိုးသည်းထန်ခဲ့သောကြောင့် မြေကျွံကျမှုဖြစ်ပွားခဲ့သော ထေရဝါဒဗုဒ္ဓသာသနာပြု(ဝမ်ဇလီလော်)ကျောင်းရှိ မြေထိန်းနံရံနှင့် ဘုရားရင်ပြင်တော် ပြုပြင်နိုင်ရေးအတွက် ရပ်နီးရပ်ဝေးမှ အလှူရှင်များက အလှူငွေများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
အမာမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ အမာမြို့၊ မြို့အဝင်ဂိတ်နှင့် ရပ်ကွက်များအတွင်းလူစည်ကားရာ နေရာများ၊ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ
Jul 15,2021
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်သစ်တော ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်မြို့ ခုတင် (၅ဝဝ) အထွေထွေရောဂါကုဆေးရုံကြီး၏ ကိုဗစ်−၁၉ လူနာများအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့မိ၊ မြို့ဖများက အောက်စီဂျင်အိုးကြီး အလုံး (၁ဝဝ) လာရောက်လှူဒါန်း​
Jul 15,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅ဝဝ) အထွေထွေရောဂါကုဆေးရုံကြီး၏ ကိုဗစ်−၁၉ လူနာများအတွက် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် မြို့မိ၊မြို့ဖများက ယ​နေ့နံနက် ပိုင်းတွင် အောက်စီဂျင်အိုးကြီး အလုံး (၁ဝဝ) လာ​ရောက်လှူဒါန်း​ကြောင်း ဆေးရုံကြီး တာဝန်ရှိသူများထံမှ သိရသည်။
မချမ်းဘော့မြို့နယ်အတွင်း လမ်းဦးစီးဌာနမှ သစ်ပင်စိုက်ပျိုး
Jul 15,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊လမ်းဦးစီးဌာနအနေဖြင့် မချမ်းဘော့မြို့တွင်းပြည်ထောင်စု လမ်းမကြီးလမ်းဘေးဝဲယာနှင့် ထရန်ဒမ်းကျေးရွာတွင်း လမ်းဘေးဝဲယာတွင် ယနေ့ နံနက် ၈ နာရီအချိန်တွင် သစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြင့် ပိုးတွေ့လူနာသစ် (၇၇)ဦး ထပ်မံတွေ့ရှိ (၂)ဦးသေဆုံး
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ  အနံ့မရသူများ ဖျားနာသူများ အား အာခေါင်တို့ပတ် နှာခေါင်းတို့ပတ်ရယူကာ ရန်ကုန်မြို့အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့စစ် ဆေးခြင်း၊ RDTဖြင့် စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ယမန်နေ့က ကိုဗစ်- ၁၉ပိုးတွေ့ လူနာသစ် (၇၇)ဦး တွေ့ရှိခဲ့ပြီး(၂)ဦး သေဆုံးခဲ့၍ စုစုပေါင်းပိုးတွေ့လူနာပေါင်း (၇၉၃)ဦးအထိရှိလာပြီး  သေဆုံးသူ(၇)ဦးရှိ ပြီဖြစ်ကြောင်းသိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပိုး တွေ့လူနာ(၂၉)ဦး ထပ်မံတွေ့ရှိပြီး မြို့နယ်အတွင်း ပိုးတွေ့လူနာပေါင်း(၃၃၁)ဦး အထိရှိလာ
Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၁၄ ရက်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၉)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ     သိရသည်။
ဘိုကလေးမြို့နယ်အတွင်းမှ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ပါဆယ် စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည်
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ နေ့စဉ်နှင့်အမျှ ကူးစက်မှုနှုန်း တိုးပွားလာပြီး အတည်ပြု လူနာများ ပိုမိုများပြားလာသည်နှင့်အမျှ ထပ်မံကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းမှ စားသောက်ဆိုင် များ၊ လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့် မပြုတော့ဘဲ ဇူလိုင်(၁၆)ရက်နေ့မှ စတင်၍ နံနက်(၆)နာရီမှ ည(၈)နာရီအထိ ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် ၎င်းဆိုင်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အသိပေး ဆောင်ရွက်ထားသည်။