သတင်းများ

သာယာဝတီမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးများပက်ဖျန်း
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များမှ ယမန်နေ့ ညနေပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့လာခြင်းများမဖြစ်ပေါ်စေရေးအတွက် စစ်ဆေးရေး ဂိတ်များကို ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မြို့အဝင်/အထွက်စစ်‌ ဆေးရေး ဂိတ်ကြီးများအပြင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ဇူလိုင်လ ၁၅ ရက်မှစတင်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
(COVID-19)ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး Faciality Quarantine နေရာများ ကြိုတင်ပြင်ဆင်ထားရှိမှုကွင်းဆင်းစစ်ဆေး
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ (COVID-19) ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင် တို့သည် ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အတွင်း Covid-19 ရောဂါ တတိယလှိုင်းဖြစ်ပွါးမှု ကာလတွင် positiveရောဂါပိုးတွေ့ရှိသူများနှင်ထိတွေ့ဆက်စပ်သူ များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လွိုင်လင်မြို့နှင့်ပင်လုံမြို့ရှိ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့်ပင်လုံတက္ကသိုလ်များတွင် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမူကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။
ဟိုင်းကြီးကျွန်း၌ ကိုဗစ်-၁၉ရောဂါပိုးရှိသူများ အနက် (၆) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရ
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့တွင် ဇွန်လမှ စ၍ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပိုးတွေ့သူများအနက် (၆) ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကူးဆက်ပျံ့ပွားမှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
ရေကြည်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလှူငွေ ပေးအပ်ပွဲကျင်းပ
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီသို့ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေပေးအပ်ပွဲအခမ်းအနားကိုယနေ့ နံနက် (၁၀) နာရီအချိန်ကစိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင် ရေးနှင့် သတင်းမှန်ပြန်ကြားနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်၊ ပြည်သူများမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို သတင်းမှန် သိရှိနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လူမှုရေးအဖွဲ့များမှ နှာခေါင်းစည်း ၇၀၀၀ ခုကို လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေ
Jul 16,2021
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လူမှုရေးအဖွဲ့များမှ နှာခေါင်းစည်း (၇၀၀၀)ခုကို ယနေ့ နံနက်က လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။