Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
အုတ်ဖိုမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးအမိုးလန်ပျက်စီး
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ယမန်နေ့ ညနေ ၅နာရီ၃၀ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကြို့ကိုးပင်ကျေးရွာအုပ်စု၊ တောင်ကုန်း ကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမက (မူ / လွန်) ကျောင်းရှိ သွပ်မိုးနှင့် ဒိုင်းမျှားပျက်စီး
Jul 23,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ခရစ်ကျောက်တန်းကျေးရွာအုပ်စု၊ မွန်လှိုင်ကျေးရွာရှိ အမက (မူ / လွန်) စာသင်ကျောင်း သွပ်မိုး၊ အုတ်တိုက် အလျား (၆၀) ပေ၊ အနံ (၃၀)ပေ အဆောက်အဦးမှာ ယမန်နေ့ နံနက် ၇ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး (၄၀)ချပ်နှင့် ဒိုင်းမျှား (၄) ချောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၁၀၀) ဦး ဆေးရုံဆင်းခွင့်ရ
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၁၀၀)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်မြီးဆွဲမြို့တွင် မီးလောင်ဆုံးရှုံးခဲ့သည့်အိမ်ထောင်စုအားထောက်ပံ့
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ခေတ်သစ်ရတနာရပ်ကွက်တွင် ဇူလိုင် ၂၁ ရက်နေ့က မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁)စုအတွက် အကျိုးခံစားခွင့်ကို ယမန်နေ့က မိသားစု၏ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းတွင် မိုးသည်းထန်စွာ သွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်လေး လုံးပျက်စီး
Jul 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်း တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စိန်တုံးအုပ်စု၊ နတ်ဖန်ကွင်းအုပ်စု၊ ကညင်တိုအုပ်စုတို့ရှိ နေအိမ်လေးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့တွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအား ဆန်နှင့်ဆေးဝါးများ လှူဒါန်း
Jul 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆင်ရဲနွမ်းပါးသော အိမ်ထောင်စုများအား ဆန်နှင့်ဆေးဝါးများ လှူဒါန်းခြင်းကို ပြင်စလူမြို့ မင်္ဂလာသိဒ္ဓိကျောင်း၊ ကျောင်းထိုင်ဆရာတော် အရှင်အာနန္ဒာ ဦးဆောင်၍ ယမန်နေ့ညနေ (၄:၀၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စည်ပင်ဧည့်ရိပ်သာ-၁ Quarantine Centerသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း လာ ရောက်စစ်ဆေး
Jul 23,2021
ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော စည်ပင်ဧည့်ရိပ်သာ(၁) Quarantine Center သို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းမှ ဇူလိုင် ၂၂ ရက်နေ့၊ ညနေ ၅နာရီ မိနစ် ၃၀ အချိန်က၊ လာရောက် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ညှိုနှိုင်းပေါင်းစပ်ပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါ ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် ဝမ်ဘန်းကျေးရွာတံတား ပြုပြင်ပြီးစီးပြီဖြစ်သဖြင့် လူနှင့် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်
Jul 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘန်းကျေးရွာတံတားကို ယမန်နေ့ ညနေပိုင်းက ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သဖြင့် လူနှင့် မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27626
Page
27627
Page
27628
Page
27629
Current page
27630
Page
27631
Page
27632
Page
27633
Page
27634
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department