ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၁၀၀) ဦး ဆေးရုံဆင်းခွင့်ရ

အုတ်ဖို ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၁၀၀)ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရ သည်။

မြို့နယ်အတွင်း သီးသန့်ထားရှိရာ နေရာအသီးသီးမှ ကျန်းမာရေးကောင်းမွန်သူ (၁၀၀)ဦး ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ် များပေးအပ်ကာ  နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက် ကြာ နေထိုင် ကြရန်နှင့် ကျန်းမားရေးအသိပညာပေးအမှာစကားများ ပြောကြားပေးခဲ့ပြီး လူမှုကူညီရေး အသင်းကားများဖြင့် နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ညနေ(၅)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၁၈၁) ဦး အနက်ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ (၅၅၉) ဦးထိရှိပြီး သေဆုံးသူ(၄၀)ဦးထိရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

 

အောင်သူ