ပြင်စလူမြို့တွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအား ဆန်နှင့်ဆေးဝါးများ လှူဒါန်း

ပြင်စလူ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆင်ရဲနွမ်းပါးသော အိမ်ထောင်စုများအား ဆန်နှင့်ဆေးဝါးများ လှူဒါန်းခြင်းကို ပြင်စလူမြို့ မင်္ဂလာသိဒ္ဓိကျောင်း၊ ကျောင်းထိုင်ဆရာတော် အရှင်အာနန္ဒာ ဦးဆောင်၍ ယမန်နေ့ညနေ (၄:၀၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း  သွားလာမှုခက်ခဲခြင်း ၊ ကုန်ခြောက်ပစ္စည်းများ ပြတ်လပ်ခြင်း၊ အရောင်းအဝယ်များ ခေတ္တရပ်နားထားခြင်း၊ ဆေးဝါးပစ္စည်းများ ပြတ်လပ်ခြင်းနှင့် အလုပ်အကိုင်များရှားပါးမှုကြောင့် အခက်အခဲများ ဖြစ်နေသော အိမ်ထောင်စု(၁၂၈)စုရှိ  သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအတွက် ဆန်နှင့်ဆေးဝါးပစ္စည်းများကို ဆရာတော်မှ ဦးဆောင်၍  ပြင်စလူမြို့ ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။