စည်ပင်ဧည့်ရိပ်သာ-၁ Quarantine Centerသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း လာ ရောက်စစ်ဆေး

ဥတ္တရသီရိ ဇူလိုင် ၂၃

ဥတ္တရသီရိမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော စည်ပင်ဧည့်ရိပ်သာ(၁) Quarantine Center သို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းမှ ဇူလိုင် ၂၂ ရက်နေ့၊ ညနေ ၅နာရီ မိနစ် ၃၀ အချိန်က၊ လာရောက် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ညှိုနှိုင်းပေါင်းစပ်ပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါ ကြောင်းသိရှိရသည်။

အဆိုပါ စည်ပင်ဧည့်ရိပ်သာ-၁ Quarartine Center သို့ ၂၀၂၁ ဇူလိုင် ၂၂ ရက်နေ့တွင် လူနာဝင်ရောက်မှုမှာ ကျား( ၆)ဦး၊ မ( ၂)ဦး၊ စုစုပေါင်း(၈)ဦးဖြစ်ပါကြောင်း၊ Quarantine မှ ထွက်ခွါ (Discharge) အရေအတွက်မှာ ကျား(၁၇) ဦး၊မ (၁၉)  ဦး၊ စုစုပေါင်း(၃၆)ဦး ဖြစ်ပါကြောင်းနှင့် စုစုပေါင်း(၉၂၀)ဦး Quarantine ဝင်ရောက်လျက်ရှိပါကြောင်း ဥတ္တရသီရိမြို့ နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။