သတင်းများ

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jul 23,2021
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19 ) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကျန်းမာရေးဆိုင်ရာ အသင်းအဖွဲ့များ တွေ့ဆုံ
Jul 23,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကျန်းမာရေးဆိုင်ရာအသင်းအဖွဲ့များ တွေ့ဆုံသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေနှင့် စားသောက်ဖွယ်များ ပေးအပ်လှူဒါန်း
Jul 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယမန် နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။
မိုင်းကိုင်မြို့နယ်တွင် Quarantine Center တစ်ခု ထပ်မံတိုးချဲ့ထားရှိနိုင်ရေး  ကွင်းဆင်းကြည့်ရှု
Jul 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများကို နေ့စဉ် ကြီးကြပ် ကန့်သတ်ထားရှိမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်   Quarantine Center တစ်ခု  ထပ်မံ တိုးချဲ့ထားရှိနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီဝင်များက  ကွင်းဆင်း၍  တိုးချဲ့မည့်အဆောက်အဦးနေရာအား  စစ်ဆေးကြည့်ရှုခဲ့သည်။
သီပေါမြို့နယ်တွင် နေအိမ်ပြင်ပသွားလူသူများအား အပြင်သွားလာခွင့်ကတ်ပါ/မပါစစ်ဆေး
Jul 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၂၈၇/၂၀၂၁)ဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
လဲချားတွင် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်း
Jul 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်တွင် ပေးအပ်လှူဒါန်းခဲ့သည်။
အမ်းမြို့နယ်တွင် Stay Home သတ်မှတ်သည့် ပြည်သူနေအိမ်များအား လူမှုကူညီရေးအဖွဲ့မှ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများဝယ်ယူရန် ကူညီဆောင်ရွက်ပေး
Jul 23,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Stay Home သတ်မှတ်သည့် ပြည်သူနေအိမ်များအား လူမှုကူညီရေးအဖွဲ့မှ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများ  အခက်အခဲမဖြစ်ပေါ်စေရေးဝယ်ယူပေးပို့ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရသည်။
သံတွဲခရိုင်ပြည်သူ့ဆေးရုံတွင် တပ်ဆင်အသုံးပြုရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ပေးအပ်လှူဒါန်းသည့် (Dual Type ) Oxygen Plant စက်မှ မကြာမီ Oxygen ထုတ်လုပ်နိုင် တော့မည်
Jul 22,2021
သံတွဲခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် တပ်ဆင်အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ပေးအပ်လှူဒါန်းသည့် (Dual Type) Oxygen Plant စက်မှာ သံတွဲခရိုင် ပြည်သူ့ ဆေးရုံဝန်းအတွင်း တပ်ဆင်ပြီးပါက မကြာမီ Oxygen များ ထုတ်လုပ်နိုင်တော့ မည်ဖြစ် ကြောင်း သိရသည်။