သတင်းများ

ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 23,2021
နိုင်ငံအဝှမ်းတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် တစ်ဆင့်ကူးစက်ခံရသူများ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှုများ မရှိစေရန်အတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ပြီး လူစည်ကားရာနေရာဖြစ်သော မြို့မစျေးအနီးတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက်  အသိပေးနှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့်  သင်္ဃန်းကျွန်းစျေးနှင့် စံပြစျေးများအတွင်း လှည့်လည်ကြေညာ
Jul 23,2021
ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ လျော့နည်းစေရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဈေးများအတွင်း အသိပေးနှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
လမိုင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine Centre  ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jul 23,2021
မွန်ပြည်နယ်၊ လမိုင်းမြို့ အောင်မင်္ဂလာဘုန်းကြီးကျောင်း၌ ယမန်နေ့ ညနေ၃နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောင်မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တ သောဘဏနှင့် ဘုရားကျောင်းဆရာတော် ဘဒ္ဒန္တ တေဇဘာသတို့ ဦးဆောင်၍ အ-ထ-က လမိုင်းကျောင်း၌ Quarantine Centre  ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေ၀င်ရောက်
Jul 23,2021
မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေ၀င်ရောက်
ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားရေးအစီအစဉ် တစ်ရပ်အနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုနှင့် ပရဟိတဘာသာရေး ကျောင်း(၁၃)ကျောင်း၊ မိဘမဲ့ဂေဟာ(၂)ခုတို့ထံ အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်
Jul 23,2021
ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကုစားရေးအစီအစဉ် တစ်ရပ်အနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုနှင့် ပရဟိတဘာသာရေး ကျောင်း(၁၃)ကျောင်း၊ မိဘမဲ့ဂေဟာ(၂)ခုတို့ထံ အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်
သန်လျင်မြိုနယ် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 23,2021
ရန်ကုန်တောင်ဏိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်- (၁၉) ရောဂါ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း  ယမန်နေ့ မွန်းလွဲပိုင်း က အဆိုပါ အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။
    တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်
Jul 23,2021
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရေး ဆောင်ရန်/ ရှောင်ရန်များနှင့် ကိုဗစ်- ၁၉ အတည်ပြုလူနာများအား ကုသရေးစင်တာများထား၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်သူများအား ရှာဖွေသယ်ယူပို့ဆောင်ပေး
Jul 23,2021
စစ်ကိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိစပ်သူများအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေ၍ သက်ဆိုင်ရာ ကုသရေးစင်တာများ၊ ကန့်သတ်စောင့်ကြည့်ရေးနေရာများသို့ လျင်မြန်စွာ သယ်ယူပို့ ဆောင်ပေးနေလျက်ရှိကြောင်း ကိုဗစ်-၁၉ရောဂါ သံသယလူနာစောင့်ကြည့်ရေးနှင့် သယ်ယူပို့ဆောင်ရေးအဖွဲ့ထံမှ သိရသည်။