ကော့ကရိတ် ဇူလိုင် ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ခရစ်ကျောက်တန်းကျေးရွာအုပ်စု၊ မွန်လှိုင်ကျေးရွာရှိ အမက (မူ / လွန်) စာသင်ကျောင်း သွပ်မိုး၊ အုတ်တိုက် အလျား (၆၀) ပေ၊ အနံ (၃၀)ပေ အဆောက်အဦးမှာ ယမန်နေ့ နံနက် ၇ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး (၄၀)ချပ်နှင့် ဒိုင်းမျှား (၄) ချောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါ လေးပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဝန်းအတွင်းရှိ ပိတောက်ပင်ကြီး တစ်ပင်မှာ လဲကျမှုဖြစ်ပွားခဲ့ပြီး၊ ကျောင်းပတ်ဝန်းကျင်အနီးရှိ သာသနိကအဆောက်အဦးများ၊ လူနေအိမ်များ၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီး / သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်