သဲကုန်း ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ခေတ်သစ်ရတနာရပ်ကွက်တွင် ဇူလိုင် ၂၁ ရက်နေ့က မီးလောင်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁)စုအတွက် အကျိုးခံစားခွင့်ကို ယမန်နေ့က မိသားစု၏ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့်နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂)သိန်း၊ ဆန်ရိက္ခာဖိုး (၆၃၀ဝ)ကျပ်၊ ကူညီကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
နိုင်လင်း