လက်ပံတန်း ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်း တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စိန်တုံးအုပ်စု၊ နတ်ဖန်ကွင်းအုပ်စု၊ ကညင်တိုအုပ်စုတို့ရှိ နေအိမ်လေးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စိန်တုံးအုပ်စု၊ တလိုင်းစု ကျေးရွာတွင် နေအိမ်နှစ်လုံးပြိုလဲခြင်း၊ နတ်ဖန်ကွင်းအုပ်စု၊ နတ်ဖန်ကွင်း ကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ခြင်း၊ ကညင်တိုကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင် နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်လေးလုံး ပျက်စီးခဲ့ ကြောင်းသိရသည်။ အဆိုပါ လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများ နေ အိမ်၌ နေရာချထားပေးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး