သတင်းများ

နမ္မတူတွင် အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး
Aug 01,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ အသက် (၆၅)နှစ် နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံပေးလျက်ရှိသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 01,2021
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား  မြို့နယ်၏ အပိုင်းအလိုက် နေရာ ၄ နေရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁နာရီက ကြာနီကန်ကျေးရွာ၌ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ငရုတ်ကောင်းမြို့တွင် အသက် (၆၅) နှစ်အထက် သက်ကြီးပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Aug 01,2021
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ အ.ထ.က‌ကျောင်းနှင့် တင်းချောင်း ကျေးရွာအုပ်စု ငရုတ်ကောင်းတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ယနေ့နံနက်မှစ၍ (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို  အသက်(၆၅) နှစ်အထက် သက်ကြီးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Aug 01,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပင်စင်စားဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်(၁၀)နာရီက ပြည်သူ့ကျန်းမာရေးစင်တာ၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်ကြီးမဏ္ဍိုင်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂွမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အလှူငွေ(၁၂)သိန်း လှူဒါန်း
Aug 01,2021
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ စုပေါင်း၍ မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအဖွဲ့သို့ အလှူငွေကျပ်(၁၂)သိန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းနယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm) အား ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 01,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုနှင့်အသက်(၆၅)နှစ် အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်း ကို ယမန်နေ့နံနက် ၉ နာရီမှ ၁၂ နာရီထိ၊ နေ့လယ် ၂ နာရီမှ ၄ နာရီအချိန်ထိ ပုဏ္ဏားကျွန်းမြို့၊ လောကမာရဇိန်ဘုရားကြီးသိမ်တော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အသက်(၆၅)နှစ် အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်   ထိုးနှံပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို လိုက်လံ ကြည့်ရှုအားပေး
Aug 01,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအား ပေးကြ သည်။