ပုလော သြဂုတ်လ ၂
ပုလောမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ရာတွင် အထောက်အကူပြုနိုင်ရန် အတွက် အောက်ဆီဂျင်အိုးများကို ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများ စုပေါင်း၍ ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ပုလောမြို့နယ်အသင်း(ရန်ကုန်)က (၅)လုံး၊ပုလောမြို့နယ် အသင်း(မြိတ်) က (၂)လုံး၊ ပုလောမြို့နယ်အသင်း (ဥက္ကဋ္ဌ) ဦးမောင်လှ၊ ဒေါ်ရှုလှိုင် မိသားစုက (၂)လုံး၊ ပုလောမြို့နယ် အသင်း (နာယက) ဦးစိုးနွယ်၊ ဒေါ်လေးလေးနွယ် မိသားစု က (၁) လုံး၊ ဒေါက်တာအေးအေးသင်း (ခလေး အထူးကု ဆရာဝန်ကြီး)က (၃)လုံး၊ မြ၀တီမြို့နေ ဒေါ်စုစုမြတ်ထွေးက (၁)လုံး၊ ရန်ကုန်မြို့နေ ဦး၀င်းလှိုင်၊ ဒေါ်ရှုဝါ မိသားစုက (၁) လုံး ၊ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှု (၅) လုံး စုစုပေါင်း (၂၀) လုံး လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ ၄၀ လီတာ၀င် အောက်ဆီဂျင်အိုး (၂၀) လုံးကို ပုလောမြို့ မေတ္တာရှင် ပရဟိတ အသင်းမှ ဥက္ကဋ္ဌ ဦးလမင်းနိုင်ဦး ဦးဆောင်၍ ပရဟိတအဖွဲ့၀င်လူငယ်များက မြိတ်မြို့မှ သွားရောက် သယ်ဆောင် လာခဲ့ပြီး ပုလောမြို့နယ် ပြည်သူ့ဆေးရုံ သို့ လာရောက်အပ်နှံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်