ရေဖြူ ဩဂုတ် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်စုရပ်(၃)ခုဖြစ်သော အ-လ-က (၁) (ဂ) ရပ်ကွက်၊ အ.ထ.က ကလိန်အောင်၊ အ.ထ.က-ကံပေါက်ကျောင်းခန်းမတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ ပထမ အကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်ကြီးရွယ်အိုများကို ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆေးစစ်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ယခုထိုးနှံပေးသောကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ကြောင်း၊ ဆေးတစ်လုံးလျှင် လူနှစ်ဦး ထိုးနှံပေး ကြောင်း၊ ရေဖြူမြို့နယ်အတွင်း သက်ကြီးရွယ်အိုများအား ထိုးနှံပြီးသွားပါက ကာကွယ်ဆေး မထိုးနှံရသေးသော ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ရဟန်း သံဃာနှင့်သီလရှင်များ၊ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက် ထိုးန ပေးသွားမည် ဖြစ်ကြောင်းနှင့် ဩဂုတ်လ(၂၉)ရက်နေ့တွင် (ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။
အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ရေဖြူမြို့နယ်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ခန့်ကျော်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးလှနောင်၊ မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် အဖွဲ့၊ တပ်ရင်း တပ်ဖွဲ့များမှ ဆေးဘက်ဆိုင်ရာ တပ်မတော်သားများ ၊ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(ရေဖြူ ပြန်/ဆက်)