ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်တွင် နွမ်းပါးသူများအား ဆန်နှင့်ကြက်ဥများလှူဒါန်း

ပန်းတောင်း သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဝန်လိုရပ်ကွက်တွင် နွမ်းပါးသူများကို ဆန်(၁)ပြည်၊ ကြက်ဥ(၃)လုံးတို့ကို ဝန်လိုရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ 

ပန်းတောင်းမြို့ ဝန်လိုရပ်ကွက်အတွင်းရှိ နွမ်းပါးသူအိမ်ထောင်စုဝင် (၁၈၅) အိမ်အား တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်၊ ကြက်ဥ (၃)လုံးနှုန်းဖြင့် လာရောက်လှူဒါန်းခဲ့ပါသည်။ 

လာရောက်လှူဒါန်းပေးသွားပါသော အလှူရှင်များမှာ ဦးလှိုင်ထူး (ဦးစီးအရာရှိ)+ ဒေါ်ဟန်နီကိုကို သမီးမရွှေဝန်းရံမေမိသားစု သစ်တောဦးစီးဌာန ပန်းတောင်းမြို့ ဦးဉာဏ်မြင့်အောင်မိသားစု ဦးကျော်သူရိန်+ဒေါ်အိငယ်သား မောင်မင်းသူရိန်စိုး မိသားစု(ဝန်လို) သုံးဦးမှ လှူဒါန်းခဲ့ပြီး ဦးဝင်းတင်အဖွဲ့နှင့်အတူ အိမ်တိုင်ရာရောက် ပေးခဲ့ကြောင်း သိရသည်။ 

သင်းသင်းအေး