သန်လျင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံ
Aug 06,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးစစ်ဆေးခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးခြံဝင်းအတွင်းအရှေ့၌ ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအချိန်အထိ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ (အခမဲ့) စစ်ဆေးပေးခြင်းနှင့် မွန်းလွဲ ၁ နာရီတွင် သာသနာ့ဗိမာန်အပေါ်ထပ်၌ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။