သန်လျင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံ

                                                                 ရန်ကုန် သြဂုတ် ၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးစစ်ဆေးခြင်းလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးခြံဝင်းအတွင်းအရှေ့၌ ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအချိန်အထိ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ (အခမဲ့) စစ်ဆေးပေးခြင်းနှင့် မွန်းလွဲ ၁ နာရီတွင် သာသနာ့ဗိမာန်အပေါ်ထပ်၌ ကာကွယ်​ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ (အခမဲ့)စစ်ဆေးပေးခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ ကျန်းမာရေးမှူး ဒေါက်တာ မြကြေးမုံနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါပိုး မရှိ လာရောက်စစ်ဆေးသူ ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူပြည်သူများအား ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်လည်ပတ်မှုနှုန်းတိုင်းတာခြင်းနှင့် ရောဂါအခံရှိမရှိ မေးမြန်းခြင်း တို့ကို ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအုပ်စုများအလိုက် အုပ်စုများ ခွဲကာ ကာကွယ်ဆေးများအား ထိုးနှံပေးခြင်းဖြစ်ပြီး သြဂုတ် ၂ ရက်နေ့တွင် ကျန်းမားရေးဝန်ထမ်းများ၊ စေတနာ့ဝန်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပရိတလူမှုရေးအသင်းအဖွဲ့များနှင့် သြဂုတ် ၃ ရက်နေ့တွင် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများနှင့် သံဃာတော်များ၊ သီလရှင်များ စုစုပေါင်း ၁၇၈ ဦးအားထိုးနှံပေးခဲ့ပြီး သြဂုတ် ၄ ရက်နေ့တွင် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံံ့ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၄၉၂ ဦးတို့အား ထိုးနှံပေးခဲ့ရာ ယနေ့သြဂုတ် ၅ ရက်နေ့တွင်လည်း အသက် ၆၅ နှစ် အထက် အဘိုးအဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်များနှင့် စေတနာ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ရှိမရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင် ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း နှင့် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကို သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလေးနှင့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကြည်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။

သန်လျင်မြိုနယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည့်ပြုလူနာ ဇွန် ၁ ရက်နေ့မှ သြဂုတ် ၄ ရက်နေ့ အထိ ရောဂါပိုးတွေ့ရှိသူ ၉၃၆ ဦးရှိပြီး ပိုးတွေ့အတည်ပြုလူနာ သေဆုံးသူ ၄၉ ဦးရှိကာ ရောဂါပျောက် ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၇၅ ဦးရှိကြောင်း မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။

ကိုရင်- TL