မော်လမြိုင် ဩဂုတ် ၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေအား သွားရောက်ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပိုးတွေ့လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အောက်စီဂျင်ထုတ်လုပ်နေသော နေရာများဖြစ်သည့် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးရှိ အောက်စီဂျင် ထုတ်လုပ်နေမှု အခြေအနေနှင့် ပုဂ္ဂလိကစက်ရုံအနေဖြင့် ကျောက်တန်းစက်ရုံစုရှိ သံလွင်အောက်စီဂျင်ထုတ်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
မွန်ပြည်နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် Standard Operation Procedure (SOP) (၁၂) ချက်အညီ သက်ဆိုင်ရာ မြို့နယ်များအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း၊ အောက်စီဂျင်ထုတ်လုပ်နေမှုအနေဖြင့် မော်လမြိုင်မြို့၊ အထွေထွေ ရောဂါကု ဆေးရုံကြီး၊ မြို့နယ် ပြည်သူ့ဆေးရုံများတွင်လည်း ထုတ်လုပ် ပေးလျက်ရှိကြောင်းနှင့် ပုဂ္ဂလိကစက်ရုံများအနေဖြင့် လိုအပ်သည့်အောက်စီဂျင်များကို ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့သည်တောင်ညို ဘက်စုံ စံပြစိုက်ပျိုးမွေးမြူရေးစခန်းအတွင်း အသားတိုးကြက်နှင့် ဥစားကြက် မွေးမြူထားရှိမှု၊ အသားတိုးဝက်နှင့် နို့စားနွား မွေးမြူထားမှုအခြေအနေတို့ကို ကြည်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)