သာကေတ ဩဂုတ် ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်လ(၁)ရက်နေ့၌ စတင်၍ သတ်မှတ်ထားသော စုရပ်(၄)နေရာအလိုက် စတင်ထိုးနှံခဲ့ရာ ယနေ့နံနက်(၉)နာရီတွင် ရပ်ကွက်(၁၉)ရပ်ကွက်အလိုက်ပြည်သူများအား သတ်မှတ် ထား သော စုရပ်(၄)နေရာ၌ဆက်လက်ထိုးနှံခဲ့ပါသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးဆက်လက်ထိုးနှံရာ၌ ဩဂုတ်လ(၅)ရက်နေ့၌ သတ်မှတ်ထားသော စုရပ် (၁) နေရာ၌အသက်(၆၅)နှစ်နှင့်အထက်ပြည်သူ(၁၅၀)ဦး၊ မြို့နယ်ပရဟိတလူမှုရေးအသင်းအဖွဲ့(၅၀)ဦး စုစုပေါင်း (၂၀၀)ဦးစုရပ်(၄)နေရာ၌လူဦးရေစုစုပေါင်း(၈၀၀)ဦးအားထိုးနှံခြင်းဖြစ်ပြီး ဇူလိုင်လ(၆)ရက်နေ့တွင်လည်း ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)