လားရှိုး ဩဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ကုသနိုင်ရေး အတွက် လားရှိုးမြို့ရှိ ပညာရေးကောလိပ်တွင် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ ဖွင့်လှစ်ထား ရှိပြီး ပိုးတွေ့လူနာများ၏ ကျန်းမာရေးနှင့် လိုအပ်ချက်များကိုဆောင်ရွက်နိုင်ရေးအတွက် ASIA ORACLE Co.,LTD မှ အလှူငွေကျပ်သိန်း (၅၀)ကို ယမန်နေ့ ညနေပိုင်းက ကုသရေး စင်တာသို့ လှူဒါန်းခဲ့သည်။
အလှူငွေကျပ်သိန်း(၅၀)အား ကိုဗစ်-၁၉ ကုသရေးစင်တာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများလည်းပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။ လာရှိုးမြို့တွင် ဩဂုတ်လ (၄)ရက်နေ့အထိ ပိုးတွေ့လူနာ(၁၉၃၄)ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ (၁၃၄၈)ဦး ရှိကြောင်း သိရသည်။
ဥမ္မာချို