ထားဝယ် ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့်အမှတ်(၉၂၄)ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းဒေသ အတွက် လိုအပ်လျက်ရှိသော သားငါးဖြည့်တင်းနိုင်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် တစ်ပိုင်တစ်နိုင် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသူများအားကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်သစ်လွင်ထူးနှင့် တာဝန်ရှိသူများက အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ရှိ နို့စားနွား၊ ဥစားကြက်နှင့် ဝက်မွေးမြူရေးခြံသို့ လည်းကောင်း၊ တစ်ရူးငှက်ပျောပင် စိုက်ပျိုးရေးခြံသို့လည်းကောင်း အမှတ်(၉၂၄) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်းရှိ ဆိတ်၊ နွား (ဘရာမင်/ချော့ဒေါ့လစ်/ အင်ဒိုဘရာဇီး)နှင့် ဘဲမွေးမြူရေးခြံသို့လည်းကောင်း တစ်ပိုင်တစ်နိုင်စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေမူများအား လှည့်လည် ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်များ၊ သံဃာတော်များ၊ သီလရှင်များနှင့် ကာကွယ်ဆေး မထိုးနှံရသေးသည့်သူများအား စနစ်တကျ ထိုးနှံပေးနေမှုများကိုကြည့်ရှု၍ အားပေးစကား ပြောကြားပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်(ထားဝယ်)