လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ်ထိုးနှံ
Aug 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်ထိုးနှံခြင်းကို ယနေ့ နံနက်(၉) နာရီမှ စတင်၍ လဟယ်မြို့အထက်တန်း ကျောင်း သီတဂူကျောင်း ဆောင်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ လဟယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ အနေဖြင့် ပထမအ သုတ်တွင်(၁၈၄၇)ဦး၊ ဒုတိယအသုတ်တွင်(၁၀၅) ဦး ၊ တတိယအသုတ်တွင်(၂၇၃)ဦး ဖြစ်၍လဟယ်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပြီး သူပေါင်း(၂၂၂၅)ဦး ဖြစ် ကြောင်း သိရသည်။