မြောက်ဦး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရဟန်းရှင်လူပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 05,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက် (၆၅)နှစ် ထက် သက်ကြီးရွယ်အိုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံးဟောင်းအစည်း အဝေးခန်းမနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ သတ်မှတ်စုရပ်နေရာများတွင် လတ်တလော အသက် ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီမှ ၁၂ ထိလည်းကောင်း၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်ထိနှစ်ပိုင်းခွဲကာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများအား ပဉ္စမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျှက် ရှိကြောင်း သိရသည်။