သတင်းများ

မြဝတီမြို့ မှ တစ်ဆင့် ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား လက်ခံကြိုဆို
Aug 06,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့မှတစ်ဆင့် ကော့ကရိတ်မြို့သို့ မြဝတီမြို့မှ ကြယ်တံခွန်မော်တော်ယာဉ်လိုင်းဖြင့် ယနေ့ နေ့လယ် ၁၂နာရီ အချိန်က ကော့ကရိတ်မြို့သို့ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား မြို့နယ် ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော် မတီဝင်များမှ ကော့ကရိတ်မြို့၊ အမှတ် (၃ )ရပ်ကွက် မြို့မအားကစားကွင်းတွင် လက်ခံကြိုဆိုခဲ့ကြောင်း သိရ သည်။
ပေါက်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အဘိုးအဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်​ ဒေသခံ​ပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Aug 06,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်နှင့်အထက်အဘိုးအဘွားများ၊ ရဟန်းသံဃာတော် များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေခံပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီက အခြေ ခံပညာ အထက်တန်းကျောင်းရှိ ဗိုလ်စကားခန်းမတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှညွှန်ကြား ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ငါးရက်မြောက် ပဉ္စမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
တာချီလိတ်မြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းဘတ် လေးသိန်းနှင့်အတူ ထိုင်းဘတ် ၂၅၀၀၀၀ကျော်တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများ စုပေါင်း လှူဒါန်း
Aug 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ရန် စေတနာရှင်အလှူရှင်များ စုပေါင်း၍ ထိုင်းဘတ်ငွေ လေးသိန်း နှင့်အတူ ထိုင်းဘတ် ၂၅၀၀၀၀ ကျော်တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများအား ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့တွင် ဦးစားပေးအစီအစဉ်ဖြင့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Aug 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မိဘပြည်သူများအား မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမဆောင်၌ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွက်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ(၁၈၅၁)လုံးထိုးနှံပြီးပြီဖြစ်
Aug 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဇူလိုင်လ(၃၀)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရက် ဩဂုတ်လ(၄)ရက်နေ့ မွန်းတည့် ၁၂နာရီအချိန်တွင် မြို့နယ် အတွက် ခွဲတမ်းရရှိထားသော Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အားလုံး ကို အပြီးသတ်ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်သည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၄ ဦး ဆက်လက်ဝင်ရောက်
Aug 06,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၄ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့၌ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထပ်မံရရှိသဖြင့် ဆက်လက်ထိုးနှံပေး
Aug 06,2021
ပျဉ်းမနားမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊သီလရှင်များ၊အသက် (၆၅)နှစ် နှင့်အထက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဩဂုတ် ၁ရက်နေ့ မှ ၄ရ က်နေ့ထိ ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ဆေးထိုးနှံရေး စင်တာတွင် ထိုးနှံပေး ခဲ့ပြီး၊ ကာကွယ်ဆေးများ ထပ်မံရရှိသဖြင့် ဩဂုတ် ၅ ရက် နေ့တွင် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။