ချင်းရွှေဟော် ဩဂုတ် ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်(၁၉) ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဝင်ရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အောက်ဆီဂျင်(၄၀) လီတာဆန့်အိုးအလွတ် (၃၈၄၀)လုံး၊ အောက်ဆီဂျင် (၁၅)လီတာဆန့် အိုးအလွတ်(၅၀၀)လုံး၊ အောက်ဆီဂျင်(၈)လီတာဆန့်အိုးအလွတ်(၃၀၀)လုံး၊ နှာခေါင်းစည်း (Mask)(၈၄၂၃)ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၂၄၅)လုံး၊ (Oxygen ReguLator) (၃၄၅)ဖာ၊ PPE ဝတ်စုံ(၆၀၀)ဖာ၊ (Mask Box)(၂၉၈)ဖာ၊ Oximeter(၁) ဖာလျှင် (၁၀၀)ခုပါ(၈)ဖာ ခေါင်းအစွပ်(၃၁၇)ဖာ၊ အပူချိန်တိုင်းကိရိယာ(၂၀၀)ဖာ၊ မျက်မှန်(၁၅၀)ဖာ၊ Repid Test (၈)ဖာ၊ အရက်ပြန်ဘူးခွံ(၇၃၀)ဖာတို့အား တင်ဆောင်လာသည့် မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာခဲ့သော ကျန်းမာရေးအထောက်အကူ ပစ္စည်းများအား ချင်းရွှေဟော်မြို့ရှိ အားလျန်ဂိုဒေါင်၊ ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာရှိ ရွှေတော်ဝင်ဂိုဒေါင်၊ ရွှေသံလွင်ဂိုဒေါင်၊ ဂူဂျားဂိုဒေါင်နှင့်ရွှေတြိဂံဂိုဒေါင်များတွင် ခေတ္တချထားပြီး ၎င်းဂိုဒေါင်များ မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း မြို့နယ်များသို့ဆက်လက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံမှ တင်သွင်းလာခဲ့သည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ဇူလိုင် လ(၁၅)ရက်နေ့မှဩဂုတ်(၅)ရက်နေ့၊ နံနက်(၁၀) နာရီ အချိန်အထိ အောက်ဆီဂျင်(၅၀)လီတာဆန့်အိုးအလွတ်(၃၅၀)လုံး၊ အောက်ဆီဂျင်(၄၀) လီတာဆန့် အိုးအလွတ်(၃၆၇၁၁)လုံး၊ (၃၈)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၂၁၃)လုံး၊ အောက်ဆီဂျင် (၃၄)လီတာ ဆန့်အိုးအလွတ်(၇၂၀)လုံး၊ အောက်ဆီဂျင်(၃၀)လီတာဆန့်အိုးအလွတ်(၁၉၂)လုံး၊ အောက်ဆီဂျင်(၂၀)လီတာဆန့်အိုးအလွတ် (၁၇၂၅)လုံး၊ အောက်ဆီဂျင်(၁၅)လီတာဆန့်အိုး အလွတ် (၁၃၉၁) လုံး၊ အောက်ဆီဂျင်(၁၀)လီတာဆန့်အိုးအလွတ်(၉၈၀)လုံး၊ အောက်ဆီဂျင်(၈) လီတာဆန့်အိုးအလွတ်(၃၀၀)လုံးနှင့် ယနေ့ အချိန်ထိ အောက်ဆီဂျင် အိုးအလွတ် စုစုပေါင်း(၄၂၅၈၂)လုံး၊ နှာခေါင်းစည်း (Mask)(၁၀၃၆၄၆)ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator)(၇၈၃၀)လုံး၊ ဆေးဖာ(၆၉၀)ဖာ၊ အောက်ဆီဂျင်လက် ညှိုးညှပ်တိုင်းစက် (၁)ဖာလျှင် (၉၆)ခုပါ(၈)ဖာ၊ (Oxygen Plant) စက်ကြီး(၉)လုံး၊ အောက်ဆီဂျင်(Mask)(၁၂၈၃)ဖာ၊ (Madical Regulator) (၁)ဖာလျှင်(၂၀)ခုပါ(၂၇၄)ဖာ၊ (Mask Box)(၁၀၇၃)ဖာ၊ အောက်ဆီဂျင်အဖုံး(၈)အိတ်၊ Oximeter(၁) ဖာလျှင်(၁၀၀)ခု ပါ(၃၈၅)ဖာ၊ အောက်ဆီဂျင်(Inhalator)(၅)ဖာ၊ အောက်ဆီဂျင်အိုး (ခေါင်း)(၂)အိတ်၊ PPEဝတ်စုံ(၇၆၉၀)ဖာ၊ ဆက်စပ်ဆေးပစ္စည်း (၄၆၆)ဖာ၊ အောက်ဆီဂျင်အိုးနပ် (စ်)(၁)အိတ်၊ (Oxygen ReguLator) (၁၅၉၉)ဖာ၊ ခေါင်းအစွပ်(၂၀၉၈)ဖာ၊ မော်တာ(၄)လုံး၊ သံဒလက် (၃)ခု၊ (Oxygen Plant) စက်ကြီး ဆက်စပ်ပစ္စည်း (၉)ခု၊ တွန်းလှည်း (၄၆)အိတ်၊ Air con(၂)စုံ၊ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ရှာဖွေရေး ကိရိယာ (၁၀)ဖာ အပူချိန်တိုင်း ကိရိယာ(၂၀၀)ဖာ၊ မျက်မှန်(၁၅၀)ဖာ၊ Repid Test(၈)ဖာ၊ အရက်ပြန်ဗူးခွံ(၇၃၀)ဖာ တို့ဝင်ရောက်လာ ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။
စည်သူမောင်မောင်