ကိုဗစ်ရောဂါကူးစက်ခံရသူ(၉၀)ဦးနှင့် မိသားစုဝင် တစ်ဦးပါ(၉၀)ဦးအား တစ်ဦးလျှင် ဆန်(၄)ပြည်နှုန်း ထောက်ပံ့ပေးအပ်

ပန်းတောင်း သြဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူ(၉၀)ဦးနှင့် မိသားစုဝင်တစ်ဦးပါ(၉၀)ဦးတို့အား တစ်ဦးလျှင် ဆန်(၄)ပြည်နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုများအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ဆန်များကို ဖောင်းကန်၊ ပြည်တော်သာ၊ ရတနာပုံ၊ ရွှေပင်၊ လမ်းမတော်၊ လဲ၊ ကျောက်ဖူး၊ ရပ်သာ၊ညောင်ခြေထောက်၊ ဇရပ်လှ၊ရေကျော်၊ညောင်ပင်၊ ပဲကြီး၊ဖရုံကား၊ ထိပ်ပေါက်၊ မကြီးထုံး၊ တောင်ဘွေ၊ ကျွန်းမီး၊ထုံးဘို၊ သူရဲတန်း၊မြောင်၊ ထောက်ကြံ့ကုန်း၊ တုံကင်း၊ ကွင်းလှ၊ စမ်းဝ၊ ကျေးရွာအုပ်စုများသို့ တစ်အိမ်ထောင်လျှင် ကိုဗစ် ကူးစက်ခံရသူတစ်ဦးနှင့် မိသားစုဝင်တစ်ဦးပါဆန်(၄)ပြည်နှုန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဆန်များ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအေးကြိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးတို့က ကိုဗစ် ရောဂါကူးစက်ခံရသူများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ကျေးရွာများအရောက် သွားရောက်၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)