ဖာပွန်မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးတွင် သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း

ဖာပွန် ဩဂုတ် ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ ကျောင်းတိုက်အသီးသီးတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာလေးများ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ဆွမ်းဆန်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖာပွန်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 ထိုသို့သွားရောက်လှူဒါန်းရာတွင် ဖာပွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးမင်း၊ ဖာပွန်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဖာပွန်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၇)ကျောင်းနှင့် သီလရှင်ဆရာလေးကျောင်း(၁) ကျောင်းအတွက် တစ်ပါးလျှင် ငွေကျပ်(၂၃၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၅၆၄၀၀၀) ကျပ်အား ကျောင်းတိုက်များအရောက် သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)