ကျောက်ပန်းတောင်း ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကျား(၅)ဦး မ (၄)ဦး ပေါင်း(၉)ဦးတွင် ကိုဗစ် -၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၉)ဦးအနက်မှ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျား(၁)ဦး နှင့် မ(၄)ဦး၊ စက်မှုလက်မှု သိပ္ပံကျောင်း ကုသရေးစင်တာတွင် ကျား(၄)ဦး ပို့ဆောင်ကုသထားရှိကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၆)ရက်နေ့အထိ ပိုးတွေ့ရှိသူ ကျား(၂၀၁)ဦး၊ မ(၁၃၅)ဦး စုစုပေါင်း(၃၃၆)ဦးအနက်မှ ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ကျား(၁၀၂)ဦး မ(၈၃)ဦး ပေါင်း(၁၈၅)ဦးရှိပြီး၊ သေဆုံးသူ ကျား(၁၅)ဦး မ(၁၁)ဦး ပေါင်း(၂၆)ဦးရှိကြောင်းနှင့် ယခုအထိ ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသူ ကျား(၈၄)ဦး မ(၄၁)ဦး စုစုပေါင်း(၁၂၅)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)