ကလိန်အောင်မြို့ ရာဖူးကျေးရွာအုပ်စုတွင် (၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ နှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကိုကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ)နေ့ ဆက်လက်ထိုးနှံပေး

ကလိန်အောင် ဩဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် ကျန်ရှိသူများကို ဦးစာပေးအဆင့်အလိုက်ကာကွယ်ဆေး(ဒုတိယ)နေ့ ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉) နာရီအချိန်က အ-ထ-က-ရာဖူးကျောင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက် ၆၅ နှစ် နှင့်အထက် (၆၉)ဦး၊အစိုးရ/ပုဂ္ဂိကကျန်းမာရေးဝန်ထမ်း(၁)ဦး ၊ Volunteer ပရဟိတ(၁၃၁)ဦး၊ သံဃာတော်များ/ သီလရှင်များ(၆)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ (၅)ဦး၊ နိုင်ငံ့ဝန်ထမ်း(၈)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း(၃၂)ဦး၊Super Market/ ဈေး(၁၄၈)ဦး စုစုပေါင်း(၄၀၀)ဦး ကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)  စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနေမှုကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် အဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)