ဘုတ်ပြင်း ဩဂုတ် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် တရုတ်နိုင်ငံထုတ် SinoPharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ(၁၃၅၀)လုံး လက်ခံရရှိပြီး ဇူလိုင်လ(၃၁)ရက်နေ့မှ ဩဂုတ်လ(၅)ရက်နေ့အထိ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး ကော်မတီမှ သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် တရုတ်နိုင်ငံထုတ် SinoPharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအုပ်စုဖြစ်သည့် အသက်(၆၅)နှစ် အထက်ပြည်သူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ ပရဟိတများ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်နေသူများ၊ ဈေးရောင်းသူ ပြည်သူများအား ပထမအကြိမ်လာရောက်ထိုးနှံကြကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ဘုတ်ပြင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အထက-ဘုတ်ပြင်း၊ တောင်ဒဂုံဆီအုန်းစီမံကိန်း၊ ရေငံကြီးကျေးရွာ၊ အလယ်မန်ကျေးရွာ၊ ချောင်းကဖီး ကျေးရွာ၊ ချောင်းလမိုင်းကျေးရွာ ၊ခဲမိုင်းကျေးရွာ၊ ပြည်ကြီးမဏ္ဍိုင်မြို့ တိုက်နယ်ဆေးရုံနှင့် ကရသူရိမြို့ တိုက်နယ်ဆေးရုံ စသည့် ဆေးထိုးစုရပ် နေရာများတွင် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များ နှင့်တာဝန်ရှိသူများကဆေးထိုးနှံမည့်သူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် တရုတ်နိုင်ငံထုတ် Covid-19 ရောဂါကာကွယ်ဆေး SinoPharm ဆေးကို သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ပထမအကြိမ်အဖြစ် စုစုပေါင်း(၂၆၉၈)ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)