ကရင်ပြည်နယ်အတွင်းရှိ သဘာဝဘေးသင့်ကျေးရွာများမှ ကျွဲ ၊ နွားများအတွက် အစာအိတ်များ ထောက်ပံ့

ဘားအံ ဩဂုတ် ၉

ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွားသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် မြို့နယ်များမှ သဘာဝဘေးသင့် ကျေးရွာများရှိ ကျွဲ ၊ နွား (၂၁၇၀)ကောင်အတွက် ၅၀ကီလိုဂရမ်ရှိသော အစားအစာ(၆၆၀)အိတ်အား ပထမအကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  ကရင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရှိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် သဘာဝဘေးသင့်သည့် မြို့နယ်များဖြစ်သည့် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)စုမှမှ နွားကောင်ရေ(၄၅၀)အတွက် အစာအိတ်(၁၀၀)ကိုလည်းကောင်း ၊ လှိုင်းဘွဲမြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စု(၁၃)စုမှ  နွားကောင်ရေ (၅၄၂)အတွက် အစာအိတ်(၁၅၀)ကိုလည်းကောင်း  ၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)စုမှ နွားကောင်ရေ (၄၀၀)အတွက် အစာအိတ်(၁၀၀)ကိုလည်းကောင်း ၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)စုမှ နွားကောင်ရေ (၂၀၀)အတွက် အစာအိတ်(၁၀၀)ကိုလည်းကောင်း ၊ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၄)စုမှ နွားကောင်ရေ (၄၇၈)အတွက် အစာအိတ်(၁၅၀)ကိုလည်းကောင်း ၊ ဖာပွန်မြို့နယ် ၊ ကမမောင်းမြို့ ရပ်ကွက်(၂)စုမှ နွားကောင်ရေ(၁၀၀)အတွက် အစာအိတ်(၅၀၀)တို့အား ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသဘာဝဘေးသင့်ကျေးရွာများမှ ကျွဲ ၊ နွားများအတွက် အစာအိတ်များ ထောက်ပံ့ခြင်းကို သက်ဆိုင်ရာမြို့နယ်များအလိုက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်ပြန်/ဆက်