ပြင်ဦးလွင်မြို့နယ်အတွင်း   ဖွင့်လှစ်ရောင်းချနေသော ဈေးများနှင့် ဆိုင်များအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ပြင်ဦးလွင်   ဩဂုတ်  ၉     

မန္တလေးတိုင်းဒေသကြီးအတွင်း  ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်  ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်   ပြင်ဦးလွင်မြို့နယ်အတွင်း   ဖွင့်လှစ်ရောင်းချနေသော  ဈေးများနှင့် ဈေးဆိုင်များ ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ  ယနေ့နံနက် ၈ နာရီခွဲက တာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးကြီးကြပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဈေးများတွင် ဈေးရောင်းသူ၊ ဈေးဝယ်သူများအနေဖြင့်   Mask  အား မဖြစ်မနေ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး  ခပ်ခွာခွာနေထိုင်ရန်၊ မကြာခဏလက်ဆေးခြင်း  စသည့်များကို  တိကျစွာ လိုက်နာဆောင်ရွက်ရန်  ပညာပေးခြင်း၊ ကြီးကြပ်ခြင်း၊ အသိပေးခြင်း လုပ်ငန်းများနှင့်  အရေးယူဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတို့ကို  အဆင့်ဆင့်ဆောင်ရွက်လျက်ရှိပါသည် ။      

မြို့နယ်အတွင်း  ကိုဗစ်-၁၉  ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်   မြို့မဈေးကြီး၊ သုမင်္ဂလာဈေးနှင့်  သီရိရတနာဈေး တို့ရှိ    ဈေးဆိုင်ခန်းပိုင်ရှင်များ၊ ပျံကျဈေးသည်များနှင့် ဈေးဝယ်လာပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ဖြစ်ပြီး ဈေးများနှင့်ဆိုင်များ  ဖွင့်လှစ် ရောင်းချရာတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက် များအား အထူးတိကျစွာလိုက်နာဆောင်ရန်၊ နေ့စဉ်  မရှိမဖြစ် အသုံးလိုသော စားသောက်ကုန် ပစ္စည်းများ ရောင်းချသည့် ဆိုင်များကိုသာ ခွင့်ပြုပြီး အခြားကုန်ပစ္စည်းများ ရောင်းချသော ဆိုင်များအား ယာယီပိတ်ထားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။  

ခရိုင် (ပြန်/ဆက်)