ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Aug 10,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာတွင် ကာကွယ်ဆေး မထိုးနှံရသေး သော သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက် ၈ နာရီခွဲ က ပြင်ဘုငယ်ကျေးရွာ၊ အလကကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။