သတင်းများ

လေးမျက်နှာမြို့နယ်၌ စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်ရှင်းလင်းပွဲအခမ်းအနားကျင်းပ
Aug 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စေတနာ့ဝန်ထမ်းလက်စွဲ စာအုပ်ရှင်းလင်းပွဲ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့​သည်။
မိုင်းကိုင်မြို့နယ်ဆေးရုံသို့ Oxygen Flow Meter ပေးပို့လှူဒါန်း
Aug 10,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံသို့ အစာအာဟာရများ နှင့် ဆေးကုသရာတွင် အသုံးပြုသည့် ဆေးနှင့် ဆေးပစ္စည်း ကိရိယာများကို ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များက နေ့စဉ်လာရောက် လှူဒါန်း လျှက်ရှိပြီး ယနေ့နံနက်ပိုင်းက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကိုဗစ်-၁၉ ရောဂါဝေဒနာ ခံစားနေရသူများ အသုံးပြုနိုင်ရန်အတွက် အရေးပေါ်ဆေးကုသမှု အထောက်အပံ့ပစ္စည်းဖြစ်သော Oxygen Flow Meter, Rate:0-10L/Min (၂)ခုကို ပေးပို့လှူဒါန်းလာရာ လှူဒါန်းပစ္စည်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 10,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုအတွက် ကာကွယ် ဆေးမထိုးနှံရသေးသော သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက် ၈ နာရီခွဲ က ပလောက်မြို့မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ရွှေသီလာရတနာခန်းမ၌ ကာကွယ်ဆေးထိုးနှံ ပေးခဲ့သည်။
တနင်္သာရီ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၁၉၅၅)လုံး၊ လူဦးရေ(၃၉၁၀)အား (ပထမ)အကြိမ် အဖြစ် ထိုးနှံပေးပြီးဖြစ်
Aug 10,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားများ၊ ကျန်းမာရေးဝန် ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်နှင့် သာသနာအနွယ်ဝင်များနှင့် နိုင်ငံ ဝန်ထမ်းများ၊ ဈေးရောင်းသူများ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ကိုင်သူများ၊ ယာဉ်မောင်းများ၊ ပုဂ္ဂလိကလုပ်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ဆိုင်လုပ်ကိုင်သူများ၊Taxi မောင်းနှင်သူများ စသဖြင့်ဦးတည်အုပ်စုများအဖြစ် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ၃၁-၇-၂၀၂၁ နေ့မှစ၍ ယနေ့ဩဂုတ်လ၉ ရက်နေ့အထိ(၁၀)ရက်တိတိ သတ်မှတ်ပေးထားသည့် ကာကွယ်ဆေးထိုးစုရပ်(၆)ခုအတွင်း ထိုးနှံပေး ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ သိရှိရသည်။
တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်ပေးရှူနေရသော လူနာ(၄)ဦးအတွက် အောက်ဆီဂျင်များပုံမှန်ရရှိရေးဆောင်ရွက်ပေး
Aug 10,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုနှုန်းမြင့်တက်နေစဉ်ကာလ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြည်သူ့ဆေးရုံသီးသန့် လူနာ အဆောင်နှင့်တနင်္သာရီခန်းမ COVID-19 Positive Cemtre ၊ တနင်္သာရီတံတားစီမံကိန်း COVID-19 Positive Cemtre ခန်းမ၊ အထက-တနင်္သာရီ COVID-19 Positive Cemtre၊ အထက-ညောင်ပင်ကွင်းရွာ စသည့် စောင့်ကြည့်ကုသဌာနနှင့် စောင့်ကြည့်ဌာနများအတွင်း ဩဂုတ်လ ၉ ရက်နေ့ အထိ ဆေးဝါးကုသမှုခံယူနေသော ကိုဗစ်လူနာ(၁၂၄)ဦးအနက်မှ လူနာ(၄) ဦးမှာ အောက်ဆီဂျင်အရေးပေါ်ပေးရှူနေရသဖြင့် တစ်နေ့လျှင်(၄၀)လီတာဆံ့ အောက်ဆီဂျင် အိုး(၁၅)လုံး လိုအပ်လျက်ရှိနေရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း ထံက သိရှိရသည်။
လွိုင်ကော်မြို့အတွင်းရှိ ပရိယတ္တိစာသင်တိုက်တို့၌ ဆန် ၊ ဆီနှင့် ပဲများလှူဒါန်း
Aug 10,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကယား ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသည် လွိုင်ကော်မြို့ပေါ်ရှိ ပရိယတိ္တစာသင်တိုက်များသို့ ဆန် ၊ ဆီ နှင့် ပဲများကို ယမန့်နေ့ မွန်းလွဲပိုင်းက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
ခင်ဦးမြို့နယ်အတွင်းရှိ လူဦးရေ (၃၄၉၉) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာထိုးနှံပြီးစီး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် (၅) နေရာခွဲပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ရာ ယမန် နေ့က (၃၄၉၉) ဦးကို အောင်မြင်စွာ ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေး
Aug 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဩဂုတ် ၃ ရက်နေ့ နံနက် (၁၀)နာရီမှ စတင်၍ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုးနှံ ဆောင်ရွက်ပေး လျက်ရှိရာ ဩဂုတ် ၁၀ ရက်နေ့တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကို ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။