သတင်းများ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ
Aug 10,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပုသိမ်မြို့တော်ခန်းမ၊ အ.ထ.က ၁၊ အ.ထ.က ၄၊ နည်းပညာတက္ကသိုလ်စုရပ်နေရာများတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ပိုင်းက ကာကွယ်ဆေးထိုးနှံပေးနေမှုများကို တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်နှင့် စေတနာ့ဝန်ထမ်းများက ဆေးထိုးရန် လာရောက်ကြသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးမှ ပြည်သူများကို စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိ ကြသည်။
မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Aug 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယမန်နေ့က မြို့မအားကစားရုံ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်လျင်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 10,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသက် ၆၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ယနေ့မွန်းလွဲ ၁ နာရီက သန်လျင်မြို့နယ် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများအား ကာကွယ်ဆေးများဆက်လက် ထိုးနှံပေး
Aug 10,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံရရှိသည့်အတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများအား ယနေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Aug 10,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ နေ့လယ် (၁၂) နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ချောင်းသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ ကျန်ရှိနေသေးသည့် နိုင်ငံဝန်ထမ်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မ စျေးရှိ စျေးသည်များနှင့် Hotel & Motel၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ အောက်ဆီဂျင်အခမဲ့ဖြန့်‌ဝေလှူဒါန်းမှု အဆက်မပြတ်ဆောင်ရွက်ပေး
Aug 10,2021
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဗိုလ်ချုပ်လမ်း၊ ဓမ္မဝေပုလ္လကျောင်းတိုက်ရှိ ကရုဏာ အောက် ဆီဂျင်(အခမဲ့)အလှူတော်အဖွဲ့မှ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ရောဂါဝေဒနာရှင် ဒေသခံ ပြည်သူများအတွက် အောက်ဆီဂျင်အခမဲ့ လှူဒါန်းဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
သွားလာရန်ခက်ခဲပြီး အသက်(၆၅)နှစ်အထက်ရှိသူများအား ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဆေးအဖွဲ့ဖြင့်သွားရောက်၍ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Aug 10,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သွားလာရန်ခက်ခဲပြီး အသက်(၆၅)နှစ်အထက်ရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကြည်နိုင် ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဆေးအဖွဲ့ဖြင့် သွားရောက်ပြီးကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးကို ယနေ့နံနက်ပိုင်းမှစတင်ကာထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် အသက် (၆၅)နှစ် အထက် သက်ကြီးပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံပေး
Aug 10,2021
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးခြင်းကို သြဂုတ် ၉ ရက်က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။