ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၁၁၆)ဦးအားလွှဲပြောင်း
Aug 10,2021
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံဂိတ်ပေါက်မှ ဝင်ရောက်လာသောတရုတ်နိုင်ငံမှပြန်လာ သည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၁၁၆)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စိစစ်လက်ခံကြောင်း သိရှိရသည်။ အဆိုပါနေရပ်ပြန်ပြည်သူ(၁၁၆)ဦးမှာ အမျိုးသား(၇၄)ဦး၊ အမျိုးသမီး(၄၂)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ(၁)ဦး၊ မြောက်ဥက္ကလာပမြို့နယ်(၁)ဦး၊ မန္တလေးတိုင်း ဒေသကြီး၊စဉ်ကူးမြို့နယ်မှ(၁)ဦး၊ ကျောက်ဆည် မြို့နယ်မှ(၁)ဉီး၊ တောင်သာမြို့နယ်မှ(၄)ဦး၊ မိတ္ထီလာ မြို့နယ်မှ(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ