မချမ်းဘော့မြို့၌ ကိုဗစ်-၁၉‌‌ရောဂါဆိုင်ရာစည်းကမ်းချက်များအား ပြည်သူလူထုသိရှိလိုက်နာ စေရန်အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာ

မချမ်းဘော့    ဩဂုတ် ၁၀

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌  ကိုဗစ်-၁၉ရောဂါဖြစ်ပွါးမှုပိုမိုများပြားလာသဖြင့်ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ်ထိန်းချုပ်ခြင်း လုပ်ငန်းများအတွက်လိုက်နာရမည့် စည်းကမ်းချက်များအား ပြည်သူလူထုသိရှိစေရန် မချမ်းဘော့မြို့ပေါ်ရှိ ရပ်ကွက်များ တွင် ယနေ့ညနေ၅နာရီမှ စတင်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနိုးဆော်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ အသိပညာပေးနိုးဆော်ချက်များတွင် မိမိနေအိမ်တွင်သာနေထိုင်ရန်၊မဖြစ်မနေဈေး၀ယ်ရန် အတွက် တစ်အိမ်လျှင်တစ်ဦးသာသွားရောက်ရန်၊ အကြောင်းပြချက်ခိုင်လုံ၍ နေအိမ်မှပြင်ပသို့သွားလာလျှင် ပါးစပ် နှာခေါင်းစည်း (mask)တပ်ဆင်ရန်၊မြို့နယ်အတွင်းရှိဈေးများကိုနေ့စဉ် နံနက် ၅နာရီမှ၁၀နာရီအထိဖွင့်လှစ် ပေးပြီးဈေးသည်များ ဈေးရောင်းချရာတွင် ပါးစပ်နှာခေါင်းစည်း (mask)face shield,လက်အိတ်များ မဖြစ်မနေ ၀တ်ဆင်ရန်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် အစားအသောက် ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင် စားသောက်ခြင်းခွင့်မပြုဘဲ Take awayစနစ်ဖြင့် သာရောင်းချရန်၊ မြို့အတွင်း ၀င်ရောက်မည့် မော်တော် ယာဉ်များနှင့်ယာဉ်ပေါ်ပါရှိသူများ ရောဂါပိုးရှိမရှိ စစ်ဆေးထားသည့် ဆေး လက်မှတ်အား သက်ဆိုင်ရာမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ပြသစစ်ဆေးခံယူပြီးမှ သာလျှင်မြို့အတွင်းသို့ ၀င်ရောက်ရန် စသည့်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီတရားစွဲဆို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ နှိုးဆော်ခြင်းလုပ်ငန်းတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ၏ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမျာ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

မြို့နယ် (ပြန်/ဆက်)