ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် အသက် (၆၅)နှစ် အထက် သက်ကြီးပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံပေး

ရိခေါ်ဒါရ်         သြဂုတ်     ၁၀

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးခြင်းကို သြဂုတ် ၉ ရက်က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များ လက်ခံရရှိမှုအခြေအနေကို လည်းကောင်း၊ တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာစန်းမာက ကာကွယ် ဆေးထိုးနှံသင့်/ မထိုးနှံသင့်သူများ၊ ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးနှင့် အကျိုးသက်ရောက်မှုများ၊ ကာကွယ်ဆေးထိုးနှံပြီးပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ဆက်လက်ဆောင်ထားရမည့်အချက်များ၊ ရှောင်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပေးသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Vero Cell)များကို ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာနှင့် သူနာပြုဆရာမများက ထိုးနှံပေးခြင်းဖြစ်ပြီး ဦးစားပေး အစီအစဉ်အလိုက် အသက် (၆၅)နှစ်အထက် သက်ကြီးပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းတို့အား ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံသူ အမျိုးသား (၃၃)ဦး၊ အမျိုးသမီး (၂၇)ဦး၊ စုစုပေါင်း (၆၀)ဦးတို့အား ပထမနေ့၌ ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုဦးစားပေးအလိုက် အသက် (၆၅)နှစ်အထက် သက်ကြီးပြည်သူ (၂၀)ဦး၊ သာသနာ့ဝန်ထမ်း (၉)ပါး၊ နိုင်ငံ့ဝန်ထမ်း (၁၇)ဦးနှင့် စေတနာ့ဝန်ထမ်း (၁၄)ဦးရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vero Cell) လုံးရေ (၁၀၀)ရရှိပြီး ကာကွယ် ဆေးထိုးနှံသည့် ပထမနေ့ဖြစ်သည့် သြဂုတ် ၉ ရက်၌ ဆေးလုံးရေ (၃၀) ထိုးနှံ သုံးစွဲခဲ့ပြီး ကျန်းရှိသည့် ဆေးလုံးရေ (၇၀)အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)