နေပြည်တော် ၊ ဩဂုတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သွားလာရန်ခက်ခဲပြီး အသက်(၆၅)နှစ်အထက်ရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကြည်နိုင် ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဆေးအဖွဲ့ဖြင့် သွားရောက်ပြီးကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးကို ယနေ့နံနက်ပိုင်းမှစတင်ကာထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် စုရပ်ပြုလုပ်၍ ထိုးနှံပေးလျက်ရှိသော်လည်း ယနေ့တွင် သွားလာရန် ခက်ခဲပြီး အသက်(၆၅)နှစ်အထက်ရှိသူများအား ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးလျှက်ရှိသည်။ “ ကျွန်တော်တို့ကို ဗစ်ရောဂါကာကွယ်ဆေးကို ဩဂုတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိလူဦးရေ (၂၃၆၄) ဦး ထိုးနှံပေးပြီးပါပြီ၊ ဒီနေ့ကတော့ လူဦးရေ (၅၀၀) ဦးအတွက် ထပ်မံရောက်ရှိလာတာကြောင့် ကျွန်တော်တို့အနေနဲ့ ရပ်ကွက်/ကျေးရွာ တွေမှာ သွားလာရခက်ခဲတဲ့ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားတွေကို လိုက်လံထိုးနှံပေး နေတာပါ၊ ဒီနေ့မှာတော့ ရေဆင်းကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေး ရွာအုပ်စုနဲ့ ကျည်တောင်ကျေးရွာအုပ်စုတို့ကို သွားရောက်ထိုးနှံတာဖြစ်သလို ကာကွယ်ဆေး ပိုရင် တစ်ခြားရပ်ကွက်/ကျေးရွာအုပ်စုပ်တွေကို လိုက်လံထိုးနှံပေးသွားမှာပါ” ဟု မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးကြည်နိုင်ကပြောသည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆေးရရှိမှု အပေါ်မှုတည်၍ ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ပထမကြိမ်ဆေးထိုးနှံပြီးသူများ အား ဒုတိယအကြိမ်ထိုးနှံရန် ဆေးရောက်ရှိလာပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ များတစ်ဆင့် ဆေးလာရောက်ထိုးနှံနိုင်ရန် အသိပေးနိုးဆော်သွားမည်ဖြစ်ကြောင်း ဇေယျာသီရိ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှသိရသည်။
မြို့နယ်(ပြန်ဆက်)