သတင်းများ

စစ်ကိုင်းတောင်ရိုး ဟံသာဂီရိကျောင်းတိုက် ဆရာတော်ဘုရားကြီးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကျောင်းတိုက်အရောက် ထိုးနှံပေး
Aug 10,2021
စစ်ကိုင်းတောင်ရိုးရှိ သီတင်းသုံးနေထိုင်တော်မူကြသော သက်ကြီးဆရာတော်ကြီးများနှင့် သီလ ရှင်ဆရာကြီးများအား ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော် မတီမှ အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ကျောင်းတိုက်များအရောက် သွားရောက်ကာ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ကျောက်တော်မြို့၌ ရဟန်းရှင်လူပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 10,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ ကျေးလက်နေပြည်သူများအား လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကိုဗစ်- ၁၉ ကူးစက်မြန်ရောဂါကြိုတင်ကာ ကွယ်တားဆီးနိုင်ရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ယမန်နေ့
မြောက်ဦးမြို့ရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ တိုက်ပွဲရှောင်စခန်းများသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကွင်းဆင်းဆောင်ရွက်
Aug 10,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းဖြစ်ပွားလျက်ရှိသော လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပြန့်နှံကူးစက်ဖြစ်ပွားလျက်ရှိရာ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဒေါ်သူဇာဌေးဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ တိုက်ပွဲ ရှောင်စခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးအသိပညာပေး ဟော ပြောခြင်းများ သွားရောက်ကွင်းဆင်းခဲ့ကြောင်းသိရသည်။
ယင်းမာပင်မြို့နယ်တွင် လူဦးရေ (၁၅၀၀) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ထိုးနှံပေးလျက်ရှိရာ လူဦးရေ(၁၅၀၀)ဦး ထိုးနှံပြီးစီး ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် လယ်မြေဧက ၅၅၀ကျော်အကျိုးပြုနိုင်မည့် ကုန်ထုတ်လမ်း သုံးလမ်း ဖောက်လုပ်ပြီးစီး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ သုံးရွာတွင် ကုန်ထုတ်လမ်း သုံးလမ်းနှင့် ကုန်ထုတ် တံတား ခြောက်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်၍ လယ်မြေဧက ၅၅၀ ကျော် အကျိုးပြုမည့်အပြင် ကျေးရွာထုတ်ကုန်ပစ္စည်းများကို ဈေးကွက်သို့အချိန်မီ သယ်ယူ ပို့ဆောင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် လူဦးရေ ၄၀၀၀ ဦး ထိုးနှံ ပြီး
Aug 10,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ် သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် အဖြစ် လူဦးရေ ၄၀၀၀ ဦးကို ထိုးနှံပြီး ကြောင်း သိရသည်။
ဝက်လက်မြို့၌ အခြေခံလူတန်းစား အိမ်ထောင်စု ၆၅၅စု ထံသို့ စာသောက်ကုန်များ လက်ဝယ်အရောက် ဖြန့်ဝေပေး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၆၅၅ စု ထံသို့ အခြေခံစားသောက်ကုန် သုံးမျိုးကို ဝက်လက်မြို့ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်ကြသော ဦးသူရိန်လင်း+ဒေါ်မာမာသင်းမိသားစုမှ သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်း မှ စတင်၍ ယမင်းသူစတိုး ရှေ့တွင် အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Oxygen Plant စက်တစ်လုံး မတည်ပေးမှုဖြင့် Oxygen Plant စက်ရုံတည်ဆောက်နိုင်ရေး မြေနေရာပြင်ဆင်လျက်ရှိ
Aug 10,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း Oxygen Plant စက်တစ်လုံးကို မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မတည်ပေးမှုဖြင့် Oxygen Plant စက်ရုံတည်ဆောက်သွားမည်ဖြစ်ပြီး စက်ရုံတည်ဆောက်နိုင်ရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် အလှူရှင်များ ပူးပေါင်းတည်ဆောက်သွားမည့် စက်ရုံမြေနေရာအား သရက်ခရိုင်ဆေးရုံဝန်းအတွင်း မြေညှိရှင်းလင်းလျက်ရှိ ကြောင်း သိရသည်။