သတင်းများ

မြဝတီမြို့၌ ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်ရေး လိုက်လံ စစ်ဆေး
Aug 14,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၁၈နှစ်ပြည့်ပြီးသူ ပြည်သူများအား ကိုဗစ် ၁၉ ကာကွယ်ဆေးများထိုးနှံပေး
Aug 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိအသက် ၁၈ နှစ်ပြည့်ပြီးသူ ပြည်သူများအားရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီအထိ မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားရုံအတွင်း၌ ပြုလုပ်သည်။
ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 14,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအစည်းအဝေးခန်းမတွင် တိုင်း/ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်မှုကော်မတီ အဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ဝန်ထမ်းများအား အခြေခံစားသောက်ကုန် များ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကာလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များနှင့် ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် သံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Aug 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ အနောက် အုတ်ကျင်း ကျောင်းတိုက်နှင့် အမှတ်(၁၆)ရပ်ကွက်ရှိ တေဇာရာမကျောင်းတိုက်တို့တွင် ယနမန်နေ့ နေ့ယ် ၁၂ နာရီကသံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး လျက်ရှိသည်။
မိုးကုတ်မြို့နယ်တွင် မိုးအဆက်မပျက်ရွာသွန်းခြင်းကြောင့် မြေပြိုကျကာ လူ(၄)ဦး သေဆုံး
Aug 14,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် အနောက်ပိုင်းကျောက်ဖြူရပ်တွင် မိုး အဆက်မပျက်ရွာသွန်းခြင်းကြောင့် ယမန်နေ့နံနက်(၈)နာရီအချိန်ခန့်တွင် မြေသားအိကာအုတ်တံတိုင်း ပြိုကျ၍ နေအိမ်အိပ်ခန်းတွင် အိပ်ပျော်နေသော အမျိုးသမီး(၂)ဦး၊ကလေးငယ်(၁) ဦး၊ စုစုပေါင်း(၃)ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော မိုဦးသီးနှံများပျက်စီးသည့် စိုက်ဧက ၉၉၇ဧက အတွက် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Aug 14,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော မိုဦးသီးနှံများ ပျက်စီးသည့် စိုက်ဧက ၉၉၇ ဧကအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။