ပျော်ဘွယ်မြို့နယ်တွင် လူဦးရေ ၅၆၆၆ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး
Aug 14,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကို ကာကွယ်ဆေးထိုးနှံခြင်းအား ဇူလိုင်လ(၃၁)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိပြီး ဩဂုတ်လ(၁၄)ရက် နေ့ အထိ သတ်မှတ်စုရပ်(၄)နေရာတွင် ဦးစားပေးအစီအစဉ်အလိုက်ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်အထိ လူဦးရေ(၅၆၆၆)ဦး အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။